အင်္ဂလိပ်သီချင်းများ
မြန်မာ flash songs
ညီမလေးအတွက် အချစ်ကိုသိချိန် ၀ိရောဓိ ပြန်တွေးကြည့်
ကောင်ကလေးကကောင်မလေးကို နတ်သမီးလေး ဆာဒါငဲယိုး
ကောင်မလေး - ၁ ကောင်မလေး - ၂ မြတ်နိုးသူအတွက် လျို့ ဝှက်ထားတယ်
ကလေးလေး နင်ရက်စက်တယ် တောင်းပန်ပါတယ် G talk သူ
မင်းသိလာမယ် လိုက်ဖက်တဲ့ဘ၀ သနပ်ခါးချစ်သူ မဝေးတဲ့ချစ်ခြင်း
သီချင်းတစ်ပုဒ်မင်းဆိုလိုက် မင်းကိုသတိရရင် ကြိုပြီးတောင်းပန်မယ်
လမ်းမခွဲကြေး သူငယ်ချင်းလေး တကယ်ဆိုရင်အချစ်ပဲလိုတယ်
မင်းနဲ့ မှချစ်တတ်ပြီ တမိုးအောက် ချစ်သူသိပါစေ အဓိပတိလမ်းကခြေရာများ
Friday, July 13, 2012
g talk မှာတစ်ပြိုင်နက်တည်းလူများများနဲ့စကားပြောကြမယ်
ကျနော် တို့ပြောနေတဲ့  Gtalk ဟာ ပုံမှန်အားဖြင့် စကားပြောမယ် ဆိုရင် ၂ယောက်သာပြောလို့ ရပါတယ်။ အခု ဒီ နည်း လမ်းလေးကတော့ ကျနော် တို့  အကောင့်ထဲမှာရှိသမျှ လူအားလုံး နဲ့ စကားပြောနိုင်၊ စာရိုက်နိုင် တဲ့နည်းပါ။တစ်ချိန်တည်း ၊ တစ်ပြိုင်တည်း မှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ ၊ ဘယ်ဒေသကဖြစ်ဖြစ် ၊ ကိုယ့် အကောင့် ထဲမှာ ရှိတဲ့ သူတွေ အားလုံးနဲ့ ပါ။ဒီအတွက်ကျနော် နည်းလမ်း လေးတွေ ပေးပါမယ်။ ဂရုစိုက်ပြီး ဖတ်စေချင်ပါတယ်။ ပထမ ဦးဆုံး Gtalk မှာ ကျနော် တို့ ပုံမှန်Invite လုပ်တဲ့ နေရာ ၂ နေရာရှိပါတယ်။ ကြိုက်တဲ့ နေရာက Inviteလုပ်နိုင်ပါတယ်။ ရိုက်ရမယ့် စာသား ကတော့ service@gtalk2voip.comပဲဖြစ်ပါ
တယ်။ လုပ်ပြီးတာနဲ့  အဲဒီ အကောင့်လေးက ၀င်လာပါလိမ့်မယ်။နောက်ထပ်စာသား တစ်ခု ရိုက်ထည့် ပေးပါ။ conf ကို ရိုက်ထည့်ပေးပါ။်ပြီးတာနဲ့Google က အမျိုးသမီး တစ်ယောက်က ဖုန်းခေါ် ပါလိမ့်မယ်။ ကိုယ်က ဒီအကောင့်ရဲ့ Administrator ( ဒါမှမဟုတ် ) Master ဖြစ်သွားပါပြီ။ သူ ခေါ်တဲ့IncomingCall ကို ကိုင်လိုက်ပါ။ ပြီးတာနဲ့  Mouse က Scroll နဲ့ အပေါ်နားကိုပြန်ကြည့် ကြည့်ပါ။ ဥပမာ- ABCDK45KHFNARK ဆိုပြီး စသဖြင့်ကုဒ်လေးတွေ ကိုတွေ့ ရပါလိမ့်မယ်။ ဒါဆိုရင် အောင်မြင်သွားပါပြီ။ ဒီတော့ကျနော် တို့ အနည်းဆုံး စမ်းတဲ့  အနေနဲ့  လူ ( ၅ ) ယောက်နဲ့ တစ်ပြိုင်တည်းစကားပြောကြည့်ရအောင်။ ဒီနေရာမှာ တစ်ခု သတိထားရမှာ က ကိုယ်က ဒီ Serverကိုစထိုင်ထားတဲ့ အတွက် ကိုယ်က အရင် ၀င်ထားရပါလိမ့်မယ်။ပြီးမှကိုယ်ပြောချင်တဲ့ သူတွေ ကို ကုဒ်တွေ ပေးလိုက်ပါ။ စပါမယ်။ ကျနော့် အကောင့် ထဲမှာ လူ ၈၀ ရှိတယ်ဆိုပါစို့ ။ ဒီလူ ၈၀ လုံးကိုခုနက ကျနော် ပြောတဲ့ Invite လုပ်တဲ့ အဆင့်အထိ လုပ်ခိုင်းလိုက်ပါ။ confဆိုတဲ့ စာသား ကို တော့ မရိုက်ခိုင်းပါနဲ့ ။ဘာဖြစ်လို့ လဲ ဆိုတော့ ဒီ ChatServer ကို ကျနော် က ထောင်ထားလို့ဖြစ်ပါတယ်။ သူတို့ အားလုံးလုပ်ပြီးသွားပြီ ဆိုရင် တော့ Administrator (or ) Master လုပ်တဲ့ သူက ခုနက Google က ပေးတဲ့  Codes လေးကို အားလုံးကိုပေးလိုက်ပါ။ သူတို့ ဝင်လာရမယ့်နည်းလမ်း ကလည်း ရှင်းပါတယ်။ စာသားရိုက်တဲ့နေရာမှာ - join/ yourcodes ဆိုတာရိုက်ထည့်ပေးပါ။ ပြန်ပြောပါမယ်။ ပထမဦးဆုံး join ကို အရင် ရိုက်ပါ။ပြီးရင် / ကို ရိုက်ပါ။ ပြီးရင် Space Barခံပါ။ ပြီးသွားရင်တော့ ခုန ကAdministrator (or) Master က ပေးတဲ့  Codesလေးကို Paste လိုက်ပါ။ ဒါဆိုရင်Server ထောင်ထားတဲ့ သူဆီမှာ စပြီးဖုန်းဝင်လာ ပါပြီ။ နောက်တစ်ယောက်လုပ်ပြီးသွားရင်လည်း ထပ်ဝင်လာပါပြီ။ဒီလိုနဲ့  အယောက် ၈၀ ၊ ၁၀၀ ၊ ၁၀၀၀စသဖြင့် တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းစကားပြော နိုင်ပါပြီ။ Serverထောင်တဲ့သူ ( Administrator / Master )အနေဖြင့် ဒီ Codes လေးကိုမှတ်ထားရန် မလိုအပ်ပါဘူး။ Google က အမြဲတမ်းအသစ်ပေးနေပါတယ်။ကိုယ်ပြောချင် နေတဲ့ သူတွေ ကိုသာ ဒီကုဒ်လေး ပေးလိုက်ရင်အယောက် ၈၀ စလုံးအခန်း တစ်ခန်းမှာ စကားပြော နေကြသလို ဖြစ်သွားပါပြီ။အားလုံး ကြားနေရပါမယ်။တစ်ယောက်နဲ့ တစ်ယောက် လည်း အလွယ် တကူ မိတ်ဆက်စကားပြောနိုင် သွားကြ ပြီဖြစ်ပါတယ်။ ဘယ်သူမဆို Server ထောင်နိုင်ပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ ၂ ချက်ရှိပါတယ်။စာမရိုက်ချင်တော့ တဲ့ အချိန် နဲ့ ပုဂ္ဂိုလ် ရေးရာ ဆွေးနွေး တိုင်ပင် စရာလူ ၄-၅ ယောက် ရှိလာ ပြီ ဆိုရင်တော့အရမ်း အသုံးတည့် တယ်လို့  ထင်ပါတယ်။မွေးရာပါ နားငြီး တတ်တယ် ဆိုရင်တော့မလုပ်စေချင်ပါဘူး။ နားငြီး တာကတော့အမှန်ပါပဲ။ ရင်တွေခုန်ပြီး စကားတွေပြောချင်နေလို့ ဖြစ်ပါတယ်။လူအများကြီးကို တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းပြောရလို့ ဖြစ်ပါတယ်။အားလုံး ရဲ့ စကားသံတွေ ၊ ရယ်သံတွေ ၊ သီချင်းဆိုသံတွေစသဖြင့်ဆူညံမှုပေါင်း ၁၆၀၀၀ ကို ကြားရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသုံးတည့်မယ် လို့ ထင်တဲ့သူတွေ အတွက် အကျိုးရှိရင် ကျနော်တင်ပေးရကျိုးနပ်ပါပြီ။
ကျေးဇူးတင်ပါသည်။ (မြန်မာလေး)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment